Active English (Online Course) သည် ယခုလို အပြင်သင်တန်းများရပ်နားထားသည့်ကာလမှာ Englishစာကို ဆက်လက်လေ့လာချင်သူများအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားသော Online Courseဖြစ်ပါသည်။ Active English သင်တန်းသည် နေ့စဉ်ဘဝတွင်အသုံးပြုသော လက်တွေ့အသုံးချအင်္ဂလိပ်စာအား အဓိကထားသင်ကြားပေးခြင်းဖြစ်သောကြောင့် သင်၏ အင်္ဂလိပ်စကားပြောဆိုမှုအား ပိုမို အဆင်ပြေချောမွေ့စွာ အသုံးပြုလာနိုင်မည်ဖြစ်ပါသည်။ Active English သင်တန်းတွင် အောက်ပါအဆင့်သုံးဆင့်ရှိပါသည်။
• Active English 1- Elementary to pre-intermediate ( အခြေခံအဆင့် မှ အလယ်တန်းကြိုအဆင့်အထိ)
• Active English 2 - Pre-intermediate to intermediate ( အလယ်တန်းကြိုအဆင့် မှ အလယ်တန်းဆင့်ထိ)
• Active English 3 - intermediate to upper intermediate ( အလယ်တန်းအဆင့် မှ အဆင့်မြင့်အလယ်တန်းအဆင့်ထိ)
Online Classသင်ကြားရာမှာ အသုံးပြုသွားမယ့် softwareကတော့ “Microsoft Teams” ဖြစ်ပါတယ်။ “Microsoft Teams” ကိုသုံးစွဲနိုင်စေရန် ကျောင်းသားတစ်ယောက်ချင်းစီကို ကိုယ်ပိုင် Microsoft accountများ ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ကျောင်းသားတိုင်းဟာ “Microsoft Teams”အပြင် ဘက်စုံသုံးနိုင်သော တခြားသော Microsoft Appsတွေကိုလည်း သုံးစွဲခွင့်ရမည်ဖြစ်ပါသည်။